Local News

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၁၈)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့ပါသည်။ အများဆုံးစိုက်ပျိုးသောခရိုင်မှာ ရွှေဘိုခရိုင်ဖြစ်ပြီး ဧကပေါင်း (၃.၅)သိန်းကျော်၊ရေဦးခရိုင်(၂.၉)သိန်းကျော်၊ကောလင်းခရိုင်(၁.၉)သိန်းကျော်၊ကန့်ဘလူခရိုင်(၁.၈)သိန်းကျော်၊ကလေးခရိုင်(၁.၇)သိန်းကျော်၊ကသာခရိုင်(၁.၇)သိန်းကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။ နာဂဒေသတွင်ယနေ့အထိဧက(၁၅၀၀)ကျော်စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလစတုတ္ထအပတ်ထိဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀၀)ကျပ်၊ဆန်တစ်အိတ် (၈၅၀၀၀)ကျပ်၊ရွှေဘိုဧရာမင်းစပါးတင်း(၁၀၀)လျှင် (၁၄၅၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၆၅၀၀၀)ကျပ်၊ ရေဦးပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၈၀၀၀၀)ကျပ်၊ ရေဦးဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၃၀၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၅၈၀၀၀)ကျပ်၊ ကလေးဧည့်မထစပါးတင်း(၁၀၀)လျှင်(၁၀၅၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၄၄၀၀၀)ကျပ်၊ ငစိန်စပါးတင်း(၁၀၀)လျှင်(၉၅၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၄၀၀၀၀) ကျပ်၊ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၃၅၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၅၅၀၀၀)ကျပ်၊အင်းတော်မှော်ဘီ-၂စပါးတင်း(၁၀၀)လျှင်(၉၅၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၄၅၀၀၀)ကျပ်၊ဆင်း-၃စပါးတင်း(၁၀၀)လျှင် (၈၈၀၀၀၀)ကျပ်၊ဆန်တစ်အိတ်(၄၀၀၀၀)ကျပ်၊ မုံရွာဧရာမင်းစပါးတင်း(၁၀၀)လျှင် (၁၄၀၀၀၀၀)ကျပ်၊ဆန်တစ်အိတ် (၆၃၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းပြင်ပသို့ အောက်တိုဘာလနောက်ဆုံးအပတ်ထိ ဆန်စီးထွက်မှုမှာ အိတ်ပေါင်း(၃.၉)သိန်းကျော်စီးထွက်ခဲ့ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါကအိတ်ပေါင်း(၄)သောင်းကျော်ပို၍စီးထွက်ခဲ့ကြောင်းသိရပါသည်။ ထိုသို့စီးထွက်ရခြင်းမှာမြန်မာနိုင်ငံအောက်ပိုင်းမှအဆွဲများလာခြင်းနှင့် လှောင်လက်များအဝယ်လိုက်လာခြင်းတို့ကြောင့် ယခင်နှစ်ကာလတူထက်ပို၍စီးထွက်ခဲ့ကြောင်းသိရသည်။

Category: Local News